လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာဆွေးနွေးပွဲ

ပြည်ကြီးခင်အဖွဲ့နှင့် ပဲန်မြန်မာတို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ၍ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အကြောင်းအရာများကို ၂၀၂၀ခုနှစ်၊ ဩဂုတ်လ ၁၈ရက်နေ့တွင်ဆွေးနွေးခဲ့သည်။ ပဲန်မြန်မာ မှ ဥက္ကဋ္ဌ ဆရာ ညီပုလေး၊ ဒါရိုက်တာအဖွဲ့ဝင် ဆရာ စောဝေ၊ ပဲန်အင်တာနေရှင်နယ် ဒါရိုက်တာအဖွဲ့ဝင် ဆရာမ မသီတာ (စမ်းချောင်း)၊ ပြည်ကြီးခင်မှ ဆရာမ နွယ်ဇင်ဝင်း၊ ဆရာ သန့်လွင်ထူး နှင့် ဆရာ သိန်းထိုက်ဦးတို့က ဦးဆောင်၍ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဋ္ဌ ဦးလှသိန်း နှင့် ကော်မရှင်အဖွဲ့ဝင် (၁၄)ဦး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှုးချုပ်၊ ညွှန်ကြားရေးမှူးများ နှင့် လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်၍ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

News Categories: 

  • Updating Website